Q:-Watcher အစီအစဥ် ဘယ်လိုယူရပါမလည်း
Ans:-View Chat (သို့မဟုပ်) Posts က နေ ကြည့်ချင်တဲ့ video သင်ခန်းစာရဲ့ CourseID ဖေါ်ပြပြီးတောင်းဆိုလို့ရပါတယ်
Q:-
Watcher CourseID ဘယ်နှစ်ခုရှိပါသလည်း
Ans:-
CourseID ၇ ခုရှိပါတယ်
- ETABS-01
- ETABS-02
- SAP2000-01
- SAP2000-02
- SAFE-01
- Geotech-01
- Geotech-02
Q:-
Watcher အပြင် online သင်တန်း ဘာတွေရှိပါသလည်း
Ans:-
Online သင်နေတာကတော့
PCSE ဘာသာရပ်ရှိပါတယ်၊
Practicles on Computational Science and Engineering ကိုသင်မှာပါ၊ သင်တန်းအဆင့် ၃ ဆင့်ရှိပါတယ်
PCSE-01 က စသင်ရမှာပါ၊ ပြီးလျင်
PCSE-02,
PCSE-03 ဆက်တက်နိုင်ပါတယ်၊ ဆက်မတက်သေးရင်လည်း အသုံးချလို့ရပါတယ်။ CSE အကြောင်း အကျဥ်းရှင်းပြထာတာ ကြည့်ပါ
#CSE Q:-ဘာတွေသင်မလည်း ဆိုတာဘယ်လိုသိနိုင်သလည်း
Ans:-
CourseID အလိုက် သင်ကြားမည့် သင်ရိုးညွှန်းတမ်း အကြောင်းအရာကို
Course Information မှာကြည့်လို့ရပါတယ်၊
Q:-Admin နဲ့ဖြစ်ဖြစ် user အချင်းချင်း ဖြစ်ဖြစ် ဘယ်လိုဆက်သွယ်လို့ရပါမလည်း၊
Ans:-Users နဲ့ Admin ကို ဆက်သွယ်ဘို့ View Chat သို့မဟုပ် Posts ကနေ ဆက်သွယ်လို့ရပါတယ်၊ ဆက်သွယ်ဘို့ ဆိုရင် Register လုပ်ထားပြီး login ဝင်ပြီးသားဖြစ်ရပါမယ်၊
Q:-သင်တန်းခန်းမှာလာတက်လို့ရတဲ့ သင်တန်းဘယ်နှစ်ခုရှိပါသလည်း
Ans:-သင်တန်းခန်းမှာ လာတက်လို့ရတဲ့
CourseID တွေက LOCW နဲ့ PDOCW တန်းတွေ ရှိပါတယ်၊ လတ်တလော ရနိုင်တဲ့ အတန်းတွေက
- LOCW-01
- LOCW-02
- PDOCW-01
- PDOCW-02
တို့ဖြစ်ပါတယ်။
Q:-လက်ရှိသင်တန်းအခြေအနေတွေကို ဘယ်လိုသိနိုင်ပါသလည်း
Ans:-လက်ရှိသင်တန်း အခြေအနေကို
Time-table ကိုကြည့်နိုင်ပါတယ်၊ View Chat နဲ့ Posts မှာ အပြန်အလှန်ပြောကြတာတွေ ကြည့်နိုင်ပါတယ်၊
Q:-သင်တန်းအကြောင်းကြေငြာချက်တွေ ဘယ်လိုသိနိုင်ပါသလည်း
Ans:-အများသူငါအတွက် ကြေငြာချက်တွေကို
Announcements မှာကြည့်နိုင်ပြီး Login
User တွေအတွက် POSTS မှာကြည့်နိုင်ပါတယ်၊
CourseID အလိုက် Group Chat ကိုလည်း View Chat မှာကြည့်နိုင်ပါတယ်၊
Q:-လက်ရှိသင်တန်း အချိန်များသိချင်ပါတယ်၊
Ans:-လက်ရှိသင်တန်း အချိန်များကို Timetable မှာကြည့်လို့ရပါတယ်၊ သင်တန်းအသစ်များအတွက် BatchID အလိုက် အချိန်ကြော်ငြာပေးပါတယ် Announcement မှာကြည့်ပါ၊ ယေဘုယျ အားဖြင့် လဆန်း ပထမပါတ်မှာ စလေ့ရှိပြီး ညနေ ၅း၀၀ နာရီ ကနေ ၇း၀၀ နာရီအထိပါ၊
Q:-သင်တန်းမတက်ဘဲ မေးစရာရှိတာ မေးလို့ရပါသလား၊
Ans:-ရပါတယ်
Forum က မေးမြန်း၊ ဆွေးနွေး၊ ဝေငှနိုင်တဲ့ ပလက်ဖေါင်းတခုပါ၊ register လုပ်ထားသူ တိုင်း မေးမြန်း၊ ဖြေဆို၊ ဝေငှ လို့ရပါတယ်၊ ကျွန်တော်ကိုယ်တိုင် ဝေငှထားတာတွေရှိပါတယ်၊ ပင်မ ခေါင်းစဥ် ၂၂ ခုရှိပြီး ခေါင်းစဥ်ခွဲ ၁၀၀ ကျော်ရှိပါတယ်၊
Q:-Forum မှာတင်လို့/ခွင့်မရတဲ့ ပို့စ်အမျိုးအစား ရှိပါသလား
Ans:-သက်ဆိုင်ရာ ခေါင်းစဥ်၊ ခေါင်းစဥ်ခွဲနဲ့ ပါတ်သက်တာတင်လို့ရပါတယ်၊ မပါတ်သက်တာ၊ သူတပါးကိုထိခိုက်နိုင်တာ၊ အငြင်းပွားစရာတွေ၊ ကြော်ငြာတွေကိုတင်ခွင့်မပေးပါဘူး၊
Q:-User အနေနဲ့ register လုပ်တဲ့အခါ ကန့်သတ်ချက်ရှိပါသလား၊
Ans:-ကန့်သတ်ချက်မရှိပါ၊ ဘာမျှ ပေးဆောင်စရာမလိုပါ၊ နာမည် ကို အင်္ဂလိပ်/လက်တင် အက္ခရာ ဘဲ လက်ခံပါတယ်။
Q:-သင်တန်းကြေး များကိုဘယ်လိုသိနိုင်မလည်း
Ans:-သင်တန်းကြေးများ နှင့် သင်တန်းအကြောင်းအရာများ ကို login ဝင်ထားပြီးသူများအနေနှင့် Posts တွင်ကြည့်နိုင်ပါသည်၊