🔔 0
EduCSEStructSoftLab Engineering Professional Platform

Terms and Conditions for the working with StructSoftLab

Date: 1-May,2026

ဤ StructSoftLab Page တွင်သင်တန်းသင်ယူသူများ အလုပ်လုပ်သူများ သည်၊ အောက်ပါအချက်များကို သဘောတူရမည်။

မှတ်ပုံတင်ခြင်း

- သင်တန်းတက်ရောက်သူများ၊ StructSoftLab ၏ project များဆောင်ရွက်သူများ၊ StructSoftLab တွင် Freelancer အဖြစ် WFH အလုပ်လုပ်သူများ သည် http://edu.StructSoftLab.asia တွင် မှတ်ပုံတင်ရမည်။

အရင်းအမြစ်များ

- EduCSE page မှခွင့်ပြုထားသော (resources) အရင်းအမြစ် များကိုအကန့်အသတ်ဖြင့် သုံးစွဲခွင့်ပြုသည်။
- သင်တန်းတက်ရောက်ဘူးသူများသည် သင်ခန်းစာပို့ချချက်များ၊ မှတ်စုများ၊ သင်ခန်းစာ ဗီဒီယိုများ၊ နမူနာ ဖိုင်များ၊ web application များကို သင်တန်းတက်ရောက်ပြီးသည့်တိုင် အချိန်ပြည့် ရယူသုံးစွဲနိုင်သည်။
- ဆက်သွယ်ရေး စင်္ကြန် (communication platform) အဖြစ် Chat နှင့် POSTS utilities များကို အသုံးပြုနိုင်သည်။
- Structural Design နှင့်ပါတ်သက်သော application များကို သုံးစွဲနိုင်သည်။
- သင်တန်းတက်ရောက်ဘူးသူများသည်၊ သက်ဆိုင်ရာ CourseID အလိုက် အုပ်စု အဖွဲ့များ နှင့် View Chat မှ ဆက်သွယ်နိုင်သည်။

စည်းကမ်းချက်များ

- သင်တန်း တက်ရောက်လိုခြင်း၊ သင်တန်းနှင့်ပါတ်သက်သည်များကို မေးမြန်းခြင်း၊ သင်တန်းကိစ္စ လိုအပ်သည်များကို အကြောင်းကြားခြင်းများကို Page ၏ View Chat နှင့် POST မှသာဆက်သွယ်မေးမြန်းရေးသားရမည်။
- သင်တန်းတက်ရောက်ရာတွင် သတ်မှတ်ထားသော ပညာရေး အရည်အချင်းပြည့်မှီရမည်။
- သင်တန်းကိုရည်ညွှန်း ရာတွင် သတ်မှတ်သော CourseID, BatchID, ClassID များအသုံးပြုရမည်။

အခွင့်အလမ်းများ

- တက်ရောက်ဘူးသောသင်တန်း များကို ပျက်ကွက်၍ဖြစ်စေ၊ ပြန်လည်လေ့လာလို၍ဖြစ်စေ အချိန်ဇယားသတ်မှတ်ချက်အတိုင်း တက်ရောက်နိုင်သည်။
- သင်တန်းပြီးမြောက်ပါက ရောက်ရှိအဆင့်ပေါ်မှီ၍ WFH အလုပ်ဖြစ်စေ၊ in-office အလုပ်ဖြစ်စေရယူနိုင်သည်။

Syllabuses

- သင်တန်းပို့ချချက်များ တွင် ပါဝင်မှုများ (Syllabuses) ကိုကြေငြာထားသည့် course information အတိုင်းသင်ကြားမည်။
- သင်တန်းပို့ချချက်များ နှင့် သင်ကြားချိန်များကို အခါအားလျော်စွာ ပြောင်းလည်းမည်။

- ဤ Terms and Conditions ကိုကျွနုပ်သည် ဖြည့်စွက်၊ ပယ်ဖျက်၊ ပြင်ဆင်ခွင့်ရှိသည်။


အရင်းအမြစ်များ။ ။သင်ခန်းစာပို့ချချက်များ၊ မှတ်စုများ၊ သင်ခန်းစာ ဗီဒီယိုများ၊ နမူနာ ဖိုင်များ၊ web application များ

Win Aung Cho, U
Founder
EduCSE နှင့် StructSoftLab